
































Kim Do-Ki ဟာ ရေတပ်ကနေ ဘွဲ့ရပြီးတဲ့နောက် ရေတပ်အရာရှိတစ်ယောက် ဖြစ်လာခဲ့တယ်.. မိခင်ဖြစ်သူဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့ အသတ်ခံရပြီးတဲ့နောက် သူ့ဘဝလည်း ပြောင်းလဲလာခဲ့တယ်.. နောက်ပိုင်းမှာတော့ Kim Do-Ki က Rainbow တက္ကစီကုမ္ပဏီရဲ့ တက္ကစီယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့တယ်.. အဲ့ဒီကုမ္ပဏီက သာမန် ယာဉ်မောင်းကုမ္ပဏီတစ်ခု မဟုတ်ပဲ အထူးတလည် ဝန်ဆောင်မှုအနေနဲ့ ကိုယ်ကလဲ့စားချေချင်တဲ့သူကို တောင်းဆိုပိုင်ခွင့်ရှိတာပဲ.. ဖောက်သည်တွေက ကလဲ့စားချေဖို့ တောင်းဆိုရင် Kim Do-Ki နဲ့လုပ်ဖော်ကိုင်ဖက်တွေက အမိုက်စား ဝန်ဆောင်မှုပေးကြတယ်.. တဖက်မှာလည်း စုံစမ်းရေးမှူး Ha-Na က Rainbow တက္ကစီကုမ္ပဏီကို လိုက်လံစုံစမ်းနေတဲ့သူပါ.. Rainbow တက္ကစီကုမ္ပဏီရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေအတွက် စိတ်တိုင်းမကျသူ ဖြစ်ပေမဲ့ ဥပဒေက မဖြေရှင်းနိုင်တဲ့ ကိစ္စတွေကို Rainbow တက္ကစီကုမ္ပဏီက ဖြေရှင်းပေးနိုင်လို့ သူ့စိတ်ထဲ သိချင်စိတ် ပြင်းပြခဲ့ပါတယ်.. ဒီကာလထဲမှာ ဘယ်လို ကြောက်စရာကောင်းတဲ့ အမှုတွေ လူသ_တ်မှုတွေပေါ်လာမလဲ..