
















အာရှအလယ်ပိုင်း Urak (ဇာတ်ညွှန်းဆရာ စိတ်ကူးထဲကနိုင်ငံ) ကို နောက်ခံထားပြီး စစ်ဘေးနဲ့ ရောဂါကပ်ဘေး တွေ ကျရောက်နေတဲ့ အချိန်မှာ လူသားအချင်းချင်း ရိုင်းပင်းမှု စည်းလုံးမှုတွေကို ဖော်ညွှန်းပြီး ဒုက္ခတွေကြားမှာ အချစ်စစ်တစ်ခု ပေါက်ဖွားလာပုံကို ဇာတ်အိမ်တည် ရိုက်ကူးခဲ့ပါတယ်.. Alpha အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ယိုရှီဂျင်နဲ့ Volunteer ဆရာဝန်မလေး ဂန်မိုယွန်း တို့အမှတ်မထင်ဘဲ ဟဲဆောင်ဆေးရုံမှာ စတင်တွေ့ရှိခဲ့ရာကနေစပြီး ဟာသလေးတွေနဲ့ အချစ်ဇာတ်လမ်းကို တွေ့မြင်ရမှာပါ.. ထို့ပြင် ငယ်ငယ်တည်းက ဘဝနာခဲ့တဲ့ ဒုအရာခံဗိုလ်လေး ဆိုးဒယ်ယောင်း နဲ့ ဗိုလ်မှူးချုပ်ကြီး သမီးဖြစ်တဲ့ စစ်ဆရာဝန်မလေး ယွန်မြောင်ဂျို တို့ရဲ့ ဘဝအခြေအနေမတူတဲ့ အချစ်ဇာတ်လမ်းကိုလည်း ခံစားရမှာဖြစ်ပါတယ်.. အပိုင်းတစ်မှာ Running Man မှ လီဂွမ်ဆူ ဧည့်သည် သရုပ်ဆောင်ထားပြီး အပိုင်းနှစ်မှာ Shinee leader Owen က ဆရာဝန်လေးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်..