
တခြားစူပါဟီးရိုးတွေလို ရင့်ကျက်မှုမရှိသေးမယ့် CW ကဖြစ်ရပ်တွေထဲ ဝင်ပါခဲ့ရပြီးတဲ့နောက် Peter Parker ဟာ သူ့ကိုအချိန်ပြည့် စောင့် ကြည့်ထိန်းမတ်ပေးနေတဲ့ Tony Stark ရဲ့ အုပ်ချုပ်မှုအောက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဝတ်စုံအသစ်နဲ့အတူ နေ့တိုင်း မှုခင်းတိုက်ဖျက်နေခဲ့ပါတယ်။ Parker ဟာ သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း Ned နဲ့အတူ သာမန်ရိုးရှင်းတဲ့ အထက်တန်းကျောင်းသား ဘဝကို အတွဲညီညီဖြတ်သန်းနေသလို Liz ဆိုတဲ့ ကောင်မလေးတစ်ယောက်ကိုပါ Crash နေခဲ့ပါတယ်။ သို့သော်လည်းပဲ Tony Stark ရဲ့ လက်နက်ထိန်းချုပ်ရေး ပရိုဂရမ်ကြောင့် အမြစ်တည်ပျံ့ပွားလာတဲ့ အမုန်းတရားတွေရဲ့သားကောင် Vulture ဆိုတဲ့ Villain တစ်ယောက်ပေါ်လာချိန်မှာတော့ အတွေ့အကြုံအကြီးကြီး မရှိသေးတဲ့ Spidey လေးခင်မျာ အားကုန်သုံးပြီး ပြန်တွန်းလှန်ရပါတော့တယ်..