
Spider Man 2 က ပထမဇာတ်ကားရဲ့ အဆက်အနေနဲ့ ထွက်ရှိခဲ့တာပါ။
ဒီဇာတ်လမ်းမှာတော့ စမိုက်ဒါမန်းဟာ မပျော်မရွင်ဖြစ်နေရပါတယ်…သူချစ်ရတဲ့ကောင်မလေး မေရီဂျိန်းဝမ်ဆန်ကို စွန့်လွှတ်ပြီးတဲ့နောက်မှာတော့ သူ့ဘဝကို ရာဇဝတ်မှုတွေကို တိုက်ဖျက်နေရင်းနဲ့ ဖြတ်သန်းနေရပါတယ်.. မေရီဂျိန်းဟာလည်း သူဌေးတစ်ယောက်နဲ့ စေ့စပ်ထားလိုက်ပါပြီ.. သူ့သူငယ်ချင်း ဟယ်ရီကလည်း သူ့အဖေကိုသတ်သွားတဲ့ စပိုက်ဒါမန်းကို ပြန်သတ်ချင်လို့ အသည်းအသန် စုံစမ်းနေသလို မြို့ကိုဒုက္ခပေးမယ့် အန္တရာယ်တွေလည်း တိုးလာပါတယ်.. ဒီလိုပြသနာတွေကြားမှာ ပီတာပါကာတစ်ယောက် ဘယ်လိုခွန်အားနဲ့ ဆက်လက်အသက်ရှင်ပြီး ပြသနာတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ..