
ဘိန်းမှောင်ခို ဂိုဏ်းခေါင်းဆောင် Don ကိုဖမ်းဆီးဖို့ အိန္ဒိယ ရဲဌာနမှ ရဲအုပ် De Silva ကိုတာဝန်ပေးအပ်ထားတာပါ။ တစ်ဖက်မှာလဲ Don ဟာ ဂိုဏ်းကနေ ထွက်ဖို့ကြိုးစားတဲ့ လူယုံ Ramesh ကို သတ်လိုက်ပါတယ်။ အဲ့တော့ Ramash ရဲ့ ဇနီးလောင်းနဲ့ ညီမဖြစ်သူကလဲ Don ကိုလက်စားခြေဖို့ ကြိုးစားကြပါတော့တယ်။ တစ်နေ့တော့ Don နဲ့ရုပ်ချင်းချွတ်စွပ်တူတဲ့ Vijay ဆိုတဲ့မွမ်ဘိုင်းက ကောင်လေးတစ်ယောက်ကို ရှာဖွေတွေ့ရှိသွားချိန်မှာ Don အစစ်နဲ့အတု ဘယ်လိုဆက်စခန်းသွားသလဲဆိုတာ..