What's happening?

Video Sources 50 Views Report Error

  • OK
  • Mega

The Seer (2019): 1x17

Episode 17

အရင်ခေတ်က မြို့တည်နန်းတည်တဲ့အချိန်မှာ အာဏာမြဲဖို့အရေး လူတွေကို စတေးကြတဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းကတော့ မဟာကထင် ဆိုတဲ့ နာမည်ကြီးဗေဒင်ဆရာက မိုင်းတွင်းပြိုကျမှုတစ်ခုကို ကြိုတင်သိမြင်ပြီး ကယ်ဆယ်ရာကနေ စပါတယ်။ သူကကြိုတင်သတိပေးပေမယ့်လည်း ကယ်ဆယ်ရေးခေါင်းဆောင်က လက်မခံတဲ့အတွက် ကယ်ဆယ်ရေးခေါင်းဆောင် သေဆုံးခဲ့ရပါတယ်။ ဒီကိစ္စတွေ ပြီးတဲ့နောက်မှာ မဟာကထင်ရဲ့နာမည်ဟာ ကြီးသထက်ကြီးလာခဲ့ပါတော့တယ်။ ထိုင်းနိုင်ရဲ့ ရွေးကောက်ပွဲကျင်းပချိန်မှာပဲ ထူးဆန်းတဲ့လူသတ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီလူသတ်မှုရဲ့ထူးဆန်းတဲ့ ပုံစံကနေ ယဇ်ပူဇော်တာကို မဟာကထင်တစ်ယောက် သတိထားမိခဲ့ပါတယ်။ မြို့တည်နန်းတည်တဲ့အချိန်မှာ လူကိုသတ်ပြီး ဓာတ်ကြီးလေးပါးကို ပူဇော်တဲ့ပုံစံမျိုး ဖြစ်နေခဲ့တာပါ။ ဒီပုံစံဟာ မဟာကထင် ငယ်စဉ်က ဓားပြတိုက်ခံလိုက်ရပြီး ဓားပြတွေလက်ထဲ ပါသွားခဲ့တဲ့ မဟာကထင်ရဲ့အဘိုး ရေးသားခဲ့တဲ့ မြို့နက္ခတ် ပြင်ဆင်ရေး ပေလွှာထဲက ပုံစံနဲ့ တူနေခဲ့တဲ့အချိန်မှာတော့.. ဒီအဖြစ်အပျက်ကြီးကို တားဆီးဖို့ မဟာကထင်တစ်ယောက် ကြိုးပမ်းပါတော့တယ်..

The Seer: 1×17
Oct. 21, 2019

Leave a comment

Name *
Add a display name
Email *
Your email address will not be published