What's happening?

Video Sources 241 Views Report Error

  • Mega

Police University (2021): 1x6

The Blackout

Yoo Dong Man ကစုံထောက်တစ်ဦး ဖြစ်ပြီးတော့ ရဲဌာနပေါင်းစုံမှာ အနှစ်နှစ်ဆယ်လောက် တာဝန်ထမ်းဆောင်ရင်း အချိန်ကုန်ဆုံးခဲ့သူပါ.. ဘယ်လို ရဲဌာနမျိုးစုံလဲဆိုရင် အကြမ်းဖက်မှုခင်းဌာန ဆိုက်ဘာမှုခင်းဌာန သူမလုပ်ဖူးတဲ့ဌာနက လုံးဝ မရှိသလောက်ပါပဲ.. ဒါပေမယ့် သူရဲ့အကျင့်ဆိုးလေးကတော့ စိတ်လိုက်မာန်ပါ လုပ်တတ်တာဖြစ်ပြီး အဲ့ဒီအချက်ကြောင့်ဘဲ သူဟာ အမြဲတမ်း ပြသာနာတက်ရပါတယ်.. အဲ့လိုနဲ့ ဒေါသအိုး Yoo Dong Man တစ်ယောက် ရဲတက္ကသိုလ်မှာ ပါမောက္ခတစ်ယောက်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ဖို့ အမိန့်ကျလာတဲ့အခါ.. ရဲတက္ကသိုလ်ဆိုတာ လူငယ်အတော်များများ ဝင်ခွင့်ရချင်တဲ့ တက္ကသိုလ်ဖြစ်ပြီးတော့ အဲ့ဒီမှာတက်ရဖို့ကလည်း Oh Kang Hee ရဲ့ အိမ်မက်တစ်ခုပါ.. ရဲ​မေ​​လောင်း​လေး Oh Kang Hee ကို တစ်ဖက်သတ် ကြိုက်နေတာက​တော့ Hacker တစ်​ယောက်ဖြစ်တဲ့ Kang Su Ho ပေါ့.. ပြစ်မှုမှတ်တမ်းရှိထားတဲ့ ဟက်ကာဆို​တော့ crush လေးနဲ့ အ​ခြေ​အ​နေက မိုးနဲ့​မြေလို ကွာခြား​နေပါတယ်.. ဒါပေမယ့် ဒါကို Kang Su Ho က လက်မခံပါဘူး.. ချစ်ရသူနဲ့ နီးစပ်ခွင့်ရဖို့ သူကိုယ်တိုင် ရဲတက္ကသိုလ် တက်ခွင့်ရ​အောင် ကြိုစားပါ​တော့တယ်.. တက္ကသိုလ်ဝင်ခွင့်ရအောင် ဘယ်လိုအကြံဖန်တွေလုပ်ပြီး အောင်မြင်အောင်လုပ်မလဲ.. တက္ကသိုလ်မှာ ဘယ်လိုအလွဲ​တွေ ကြုံရဦးမှာလဲ.. သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကကော ဘယ်လိုဆက်ဖြစ်မလဲ..

Police University: 1×6
Police University: 1×6
Aug. 24, 2021

Leave a comment

Name *
Add a display name
Email *
Your email address will not be published