
ဒီကားလေးကတော့ ဒန်နီဆိုတဲ့ကောင်လေးက ဂျက်ခ်ဆလက်တာဆိုတဲ့ စုံထောက်အက်ရှင်မင်းသားကို အရမ်းကြိုက်တဲ့သူပါ.. တစ်နေ့သူက အိမ်မှာတစ်ယောက်ထဲ ရှိနေချိန် သူ့ရဲ့အပေါင်းဖော်ဖြစ်တဲ့ အဘိုးကြီးနစ်ခ်ရဲ့ ပြဇာတ်ရုံကိုသွားပြီး ဂျက်ခ်ရဲ့ကားသစ်ကို သွားကြည့်ပါတော့တယ်.. အဲဒီအခါ နစ်ခ်က သူငယ်ငယ်တုန်းက မှော်ဆရာတစ်ယောက်ပေးခဲ့တဲ့ မှော်လက်မှတ်ကို အစွမ်းရှိမရှိ သေချာမသိလို့ ဒန်နီကို လွှဲပြောင်းပေးလိုက်တဲ့ အခါ ရုပ်ရှင်ကြည့်နေရင်း လတ်မှတ်က အစွမ်းပြပါတော့တယ်.. အဲဒီအခါ တကယ့်အက်ရှင်မင်းသား ဂျက်ခ် ရှိတဲ့နေရာကို ရောက်သွားပြီး အမှုတွေလိုက်ဖြေရှင်းဖို့ ဖြစ်လာပါတော့တယ်.. အမှုဖြေရှင်းတာရော အောင်မြင်ပါ့မလား.. တကယ့်နေရာကိုရော ဘယ်လိုပြန်နိုင်သွားမလဲဆိုတာ..